INLAND MYSAP စီမံကိန်း ကို စောင့်မျှော်နေတဲ့ ရှမ်းလူငယ်လေး စိုင်းသွဲ့

  • July 13, 2018
  • MYSAP

MYSAP စီမံကိန်း အဖွဲ့သားတွေ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ထဲက နောင်ရမ်းကျေးရွာကို ရောက်ခဲ့ပါတယ်။ အသေးစား ငါးမွေးမြူရေး လုပ်နေတဲ့ ရှမ်းလူငယ် ကိုစိုင်းသွဲ့နဲ့ ဆုံခဲ့ပြီး သူ့လုပ်ငန်းအကြောင်း နဲ့ INLAND MYSAP အကြောင်းမေးမြန်းတဲ့အခါ သူက ဒီလို ဖြေပါတယ်။

ရွာမှာကတော အိမ်ခြေ ၃၆ အိမ်ရှိပါတယ်။ ငါးကန် ပေါင်း ၁၅ လောက်ရှိတယ်။ လူငယ်အများစုက ထိုင်းနိုင်ငံဘက်ကို သွားရောက် အလုပ်လုပ်ကိုင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဖိုး ၊ အဖွား တွေ ပေးထားတဲ့ငါးကန်မှာ ငါးမွေးမြူပါတယ်။ အဓိက အခက်အခဲက ငါးစာကျွေးပေမယ့် ငါးတွေ သိပ်မကြီးလာကြဘူး။ နောက်ပြီး သိပ်မကျန်း မာကြဘူး။ ကန်မှာ စနစ်ကျတဲ့ ခြံဝိုင်းမခတ်ထားတော့ အမှိုက်တွေ ၀င်သလို တိရိစ္ဆာန်တွေ ၀င်ပါတယ်။ ဒါကြောင့် ငါးကန်ဆယ်ရင် ဆယ်ပိသာ လောက်ပဲ ရတယ်။ အတော်နည်းပါတယ်။ မိသားစု စားသုံးဖို့ ပဲ ကန်က ရတာပါ။ တကယ်လို့ စနစ်တကျ နဲ့ ငါးမွေးမြူရေးပညာသာ ကျွန်တော်မှာ ရှိမယ် ဆိုရင် ငါးကောာင်းကောင်းမွေးတက် လာမယ်။ ငါးအထွက် နှုန်းတိုးလာပြီး မြို့ကငါးဈေးမှာ ရောင်းချနိုင်မယ် လို့ ထင်ပါတယ်။ အသေးစား ငါးမွေးမြူရေး လုပ်ကိုင်သူတွေကို ထောက်ပံ့ပေးမယ့်  MYSAP စီမံကိန်း ကို ကျိုင်းတုံမှာ အကောင်အထည်ဖော်မယ် ဆိုတာ သိရတော့ အရမ်း ၀မ်းသာမိပါတယ်။

မြန်မာရေသတ္တ၀ါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံဖြိုးရေးစီမံကိန်း အနေနဲ့  သွင်းအားစု ၊ ထုတ်လုပ်ရေး ၊ ထုတ်ကုန် မြင့်တင်ရေး ၊ ကုန်သွယ်ရေးနှင့် စားသုံးရေး ကဏ္ဍအသီးသီးပါဝင်သော ရေချို ရေငန် ရေသတ္တ၀ါမွေးမြူရေး လုပ်ငန်းစဉ် တစ်ခုလုံး ဖွံ့ဖြိုး တိုးတက်လာစေဖို့ အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။  ကုန်းတွင်းဒေသများဖြစ်တဲ့ စစ်ကိုင်း တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် ကမ်းရိုးတန်း ဒေသများဖြစ်တဲ့ ဧရာဝတီ တိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ် မှာရှိတဲ့ အသေးစား အလတ်စား လုပ်ငန်းလုပ်ကိုင်နေသူ တောင်သူ ၂၅၀၀၀၀ ကို အထောက်အကူပေးနိုင်ဖို့ ရည်ရွယ် လုပ်ကိုင်နေပါတယ်။