
မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး အခြေအနေကို တိုးတက်စေရေးအတွက် အမျိုးသားအဆင့် ရေသတ္တ၀ါဖွံ့ဖြိုးရး အစီအစဉ် (NADP) ကို နိုင်ငံ၏ ဦးစားပေးကဏ္ဍအဖြစ် ဆောင်ရွက်သွားမည်ဟု ဖေဖော်ဝါရီ ၁ရက် နေပြည်တော်တွင် ကျင်းပပြုလုပ် သည့် MYSAP စီမံကိန်း မိတ်ဆက်ပွဲတွင် ပြောကြားခဲ့ပါသည်။
“ ဒီအစီအစဉ်က လူမှုဘ၀လုံခြုံမှု၊ ၀င်ငွေနဲ့ အစာအာဟာရ ထောက်ပံ့မှုများဖန်တီးပေးနိုင်ပြီး စီးပွားရေးအရ အရေးပါသဖြင့် NADP အား အမျိုးသားအဆင့်ထိ ဦးစားပေးအဖြစ် လုပ်ဆောင်သွားပါမယ်. ရေသတ္တ၀ါမွေးမြူရေးကဏ္ဍ ထုတ်လုပ်မှု တန်ဖိုးကို တိုးတက်ပြောင်းလဲစေနိုင်သလို ရာသီဥတုပြောင်းလဲမှုကိုလည်း အကျိုးသက်ရောက်စေပါမယ် ဟု NADP အကျိုးရှိပုံကို ရှင်းလင်းပြောကြားသည်။
အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေမှာ မြန်မာက နိုင်ငံတော်အဆင့် ရေသတ္တ၀ါမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး အစီအစဉ် (NADP) မရှိသေးပါဘူး။ တခြားနယ်ပယ်တွေလည်း အသီးသီး ဖွံ့ဖြိုးရေး အစီအစဉ်တွေချမှတ် လုပ်ကိုင်လာတာကြောင့် မိမိတို့ အနေနဲ့ NADP ကို မရေးဆွဲဘူးဆိုရင် ဒိရေသတ္တ၀ါမွေးမြူးရေးလုပ်ငန်း က နောက်ကျကျန်နေမှာ ဖြစ်ပါတယ် ဟု ၎င်းကဆက်လက်ပြောကြားသည်။
အမျိုးသားအဆင့် ရေသတ္တ၀ါမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး အစီအစဉ် (NADP) ရေးဆွဲရေးသည် MYSAP စီမံကိန်းတွင် အစိတ်အပိုင်း တခုအဖြစ် ပါဝင်ပြီး ဥရောပသမဂ္ဂ ၊ ဂျာမနီအစိုးရတို့က ရံပုံငွေ ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ “ပြည်သူများစွာရဲ့ ၀င်ငွေ ရရှိရေး ကလေးငယ်တွေ အာဟာရမြင့်မားရေး ကအရေးကြီးတဲ့ အတွက်ကြောင့် ရေသတ္တ၀ါမွေးမြူရေးကဏ္ဍ ကို ထောက်ပံ့ဖို့ မြန်မာအစိုးရ၊ ဥရောပသမဂ္ဂ နဲ့ ဂျာမနီအစိုးရတို့ အတူတကွ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီစီမံကိန်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ၊ ကျေးလက် ဒေသတွေမှာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးဖို့ ကလေးငယ်တွေ အာဟာရနဲ့ ပြည့်စုံကြွယ် ၀စေ ဖို့အတွက် ဖြစ်ပါလိမ့်မယ် ဟု ဥရောပ သမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး H.E Kistian Schmidt က ရံပုံငွေ ထောက်ပံ့ရခြင်းအကြောင်းကို ပြောကြားပါသည်။